မောင့်ချစ်သူ Return DVD အခွေတွင် အဆိုတော် သားသား ကိုယ်တိုင် ဖုန်းဖြင့် ရိုက်ကူး ထားသည့် တေးသီချင်း နှစ်ပုဒ် ပါဝင်မည်

မောင့်ချစ်သူ Return DVD အခွေတွင် အဆိုတော် သားသား ကိုယ်တိုင် ဖုန်းဖြင့် ရိုက်ကူး ထားသည့် တေးသီချင်း နှစ်ပုဒ် ပါဝင်မည်

ရန်ကုန်၊ မေ ၃၀  ။       ။ အဆိုတော် သားသား၏ မောင့်ချစ်သူ Return တေးအယ်ဘမ် DVD အခွေကို ဇွန်လ ၄ရက်တွင် Bo Bo Music Production မှ စတင် ဖြန့်ချိမည် ဖြစ်ရာ ၎င်းကိုယ်တိုင် ဖုန်းဖြင့် ရိုက်ကူးထားသည့် တေးသီချင်း နှစ်ပုဒ် ပါဝင်မည် ဖြစ်သည်။

ထို တေးအယ်ဘမ်တွင် တေးသီချင်း ၁၂ပုဒ် ပါဝင်ပြီး တေးရေးများ အဖြစ် နိုင်းဝမ်း ၊ ရဲရင့်အောင် ၊ မိစန္ဒီ ၊ သားသားတို့က ရေးသားကာ Featuring အဆိုတော်များ အဖြစ် နိုင်းဝမ်း ၊ ရဲရင့်အောင် ၊ မိစန္ဒီ ၊ သားသား တို့က ပါဝင်သီဆိုပေးထားသည်။

ဒါရိုက်တာများအဖြစ် ဒါရိုက်တာ ဝင်းလွင်ထက် ၊ အောင်မြတ် ၊ ထူးပိုင်ဇော်ဦး ၊ သီဟ(Dyno) ၊ ထက်ယံ ၊ တီတီ တို့မှ ရိုက်ကူး ပေးထားပြီး အဆိုတော် သားသား ကိုယ်တိုင် တေးသီချင်း ငါးပုဒ် ရိုက်ကူးထားရာ ဖုန်းဖြင့် နှစ်ပုဒ် ရိုက်ကူးထားသည်။

ထို DVD အခွေတွင် တေးသီချင်းများကို MTV ၊ Story ၊ ဟာသ စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ရိုက်ကူး ထားပြီး သရုပ်ဆောင်များအဖြစ် သိန်းလင်းစိုး ၊ ဟိဏ်းသစ် ၊ ဆန်းတိုးနိုင် ၊ ဂျိုကာ ၊ အောင်ရဲထိုက် ၊ ချမ်းမင်းရဲထွဋ် ၊ Mickey Lay ၊ အောင်ခန့် ၊ ဝိုင်းစုခိုင်သိန်း ၊ သင်ဇာဝင့်ကျော် ၊ နန်းသူဇာ ၊ ခိုင်သဇင်ယုဝါ ၊ ဆွိတီကို ၊ နှင်းစုခိုင်ဦး ၊ ပိုးဒါလီ ၊ လဲ့ယမင်း ၊ စုကြည်ဖြူစံ ၊ ထက်ထက် ၊ Jade Dragon တို့က ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုတော် သားသားသည် မောင့်ချစ်သူ Return တေးအယ်ဘမ် DVD အခွေ ထွက်ရှိပြီးပါက ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို စီစဉ်သွားမည် ဖြစ်ပြီး ထို အခွေမှာ ၂၀၁၅ ခုနှစ် မကုန်ခင် ထွက်ရှိသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly