သမီးလေး မွေးဖွားခဲ့တဲ့ ကီရာနှိုက်တလေ

သမီးလေး မွေးဖွားခဲ့တဲ့ ကီရာနှိုက်တလေ

ကွန်တက်မြူးဇစ် (နယူးယော့ခ်)။ ။ ဗြိတိန် သရုပ်ဆောင်မင်းသမီး ကီရာနှိုက်တလေသည် မေ၂၆ ရက်က လန်ဒန်မြို ဆေးရုံ တစ်ရုံတွင် သမီးဦးလေးကို မွေးဖွားခဲ့ကြောင်း E! News က ဖော်ပြထားသည်။

နှိုက်တလေနှင့် ခင်ပွန်းဖြစ်သူ ဂျိမ်းစ်ရိုက်အွန်တို့သည် ၎င်းတို့ရဲ့ ပထမဆုံး ကလေးသည် သမီးလေးဖြစ်မည်ဟု မျှော်မှန်းထားကြောင်းနှင့် မျှော်မှန်းထားသည့်အတိုင်း သမီးဦးလေး မွေးဖွားခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ ကီရာနှိုက်တလေနှင့် အသက် ၃၁ နှစ်အရွယ်ရှိ ခင်ပွန်းဖြစ်သူ ဂျိမ်းစ်ရိုက်အွန်တို့သည် မေ၂၆ ရက်က ၎င်းတို့၏ သမီးဦးလေးကို ကြိုဆိုခဲ့ကြောင်း သတင်းအရင်းမြစ်များစွာက  E! News ကို ပြောကြားခဲ့သည်။

"နှိုက်တလေဟာ ပြီးပြည့်စုံတဲ့ မိခင်တစ်ယောက် ဖြစ်လာမှာပါ။ ဘယ်လို အကြံဉာဏ်မျိုးမှ သူမလိုအပ်ပါဘူး။ သူဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်တယ်” ဟု နှိုက်တလေ၏ သူငယ်ချင်းဖြစ်သူ ဆီနာမီလာက ဇန်နဝါရီလတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

နှိုက်တလေနှင့် ရိုက်အွန်တို့သည်  ၂၀၁၁ ခုနှစ် အစောပိုင်းက တွဲခဲ့ကြပြီး ၂၀၁၃ ခုနှစ်မေလ ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် လက်ထက်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကလေးယူမည်ဟု မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly