ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသား ရိန်းသည် မေ ၄ ရက်က နယူးယော့ခ်မြို့တွင် ကျင်းပပြုလုပ်သော Met Gala ဖက်ရှင်ပွဲသို့ တက်ရောက်ခဲ့ရာ အမေရိကန်- ဗြိတိန် မင်းသမီး ဂျုလီအန်နီမိုရီ၊ တရုတ် မင်းသမီး လီပင်းပင်း၊ ဖန်ပင်းပင်းတို့နှင့် တွေ့ဆုံခဲ့သည်။
ရိန်းသည် အဖြူရောင် ရှပ်အကျီနှင့် အနက်ရောင် ကုတ်အကျီၤတို့ကို ဝတ်ဆင်ထားသည်။ ယခုနှစ်၏ Met Gala ဖက်ရှင်ပွဲတော်ကို ရှေးခေတ်ဝတ်စုံ ဒီဇိုင်းအဖွဲ့ပြပွဲ China Through the Looking Glass နှင့်အညီ ဝတ်စားဆင်မြန်းကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အနုပညာရှင်းများသည် အရှေ့ဖျား ယဉ်ကျေးမှုလွှမ်းခြုံသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
Met Gala ဖက်ရှင်ပွဲကို အနုပညာပြတိုက်၏ ရှေးခေတ်ဝတ်စုံအဖွဲ့က နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖက်ရှင်ပွဲသည် လူကြည့်အများဆုံး ဖက်ရှင်ပွဲတစ်ပွဲ ဖြစ်သည်။ ရိန်းသည် ကိုရီးယားနိုင်ငံရှိ ဂျာမန်ကုမ္ပဏီ MCM ကိုယ်စားပြုအဖြစ် ဖက်ရှင်ပွဲကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။