နိုင်ငံခြားသုံးငွေစာရင်း ဖွင့်ထားသူများ၏ ဒေါ်လာငွေ ထုတ်ယူမှု ဗဟိုဘဏ်လျှော့ချ

နိုင်ငံခြားသုံးငွေစာရင်း ဖွင့်ထားသူများ၏ ဒေါ်လာငွေ ထုတ်ယူမှု ဗဟိုဘဏ်လျှော့ချ
ရန်ကုုန်မြို့ရှိ နိုုင်ငံတော် ဗဟိုုဘဏ် (ရန်ကုုန်) ရုုံးချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံု-မဇ္စျိမ

ရန်ကုန်၊ မေ ၃၀ ။       ။ နိုင်ငံခြားသုံးငွေ ဘဏ်စာရင်းပိုင်ရှင်များကို နိုင်ငံခြားငွေထုတ်ပေးမှု ထက်ဝက်လျှော့ချရန် ဗဟိုဘဏ်က မေလ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းအကောင့် ပိုင်ရှင်များ၏ နိုင်ငံခြားငွေကြေး ထုတ်ပေးမှုကို တစ်ကြိမ်လျှင်ဒေါ်လာ ၅,၀၀၀ သာ ခွင့် ပြုကြရန် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များနှင့် ငွေလဲလှယ်လုပ်ငန်းများကို အသိပေးလိုက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက “ကျပ်ငွေတန်ဖိုးကို ပြန်ထိန်းချင်တဲ့သဘောနဲ့ ဒေါ်လာငွေကြေးသုံးစွဲမှု အရမ်းမြင့်နေတာကြောင့် နိုင်ငံခြားငွေသုံးစာရင်းပိုင်ရှင်တွေကို ထုတ်ပေး ပမာဏလျှော့ချလိုက် တာပါ”ဟု ပြောသည်။

ဗဟိုဘဏ်ထုတ်ပြန်ချက်အရ နိုင်ငံခြားငွေ စာရင်းပိုင်ရှင်များသည် အမေရိကန်ဒေါ်လာ ငွေကြေးထုတ် ယူရာတွင် တစ်ကြိမ်လျှင်ဒေါ်လာ ၁၀,၀၀၀ အစား ဒေါ်လာ ၅,၀၀၀ သာ ရရှိတော့ မည်ဖြစ်ပြီး ပိုမိုထုတ်ယူပါက စာရင်းပြောင်းနည်းဖြင့်သာ ဖြစ်တော့မည်ဖြစ်သည်။

ပြည်တွင်းရှိ ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO များ၊ INGO များအတွက်မူ ဒေါ်လာငွေကြေးပိုမို ထုတ်ယူမှုကို ခြွင်းချက်ဖြစ် ခွင့်ပြုပေးထားသည်ဟုလည်း ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့လုပ်ဆောင်မှုသည် ငွေကြေးလဲလှယ်ဈေးကွက်အတွင်းရှိ ဒေါ်လာဝယ်ယူမှုကို တိုက်ရိုက် ထိခိုက်နိုင်ပြီး ဈေးကွက်အတွင်းဒေါ်လာဝယ်လိုအား ပိုလျှံမှုကို ကန့်သတ်သကဲ့သို့ ဖြစ်နေသည် ဟု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။

Inno လုပ်ငန်းစု အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက“ ဒါဟာ ဈေးကွက်ရဲ့ ဒေါ်လာ ဝယ်လိုအား ကန့်သတ်သလိုဖြစ်နေတာ၊ ဒီအကျိုးဆက်က နိုင်ငံခြားငွေကြေး လဲလှယ်ဈေးကွက်မှာ ဖောင်းပွမှုကို အားပေး နိုင်မယ်ထင်တယ်”ဟု ပြောဆိုသည်။

ယခုထုတ်ပြန်ချက် မတိုင်ခင် ဗဟိုဘဏ်က ပြည်တွင်းငွေလဲလှယ်လုပ်ငန်းများနှင့် ဘဏ်များကို ယင်း ၏ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲလှယ်နှုန်းအတိုင်း ရောင်းဝယ်ကြရန် အသိပေးသော်လည်း ဈေးကွက် ဝယ်လိုအား အပေါ်ဒေါ်လာငွေလုံလောက်စွာ မဖြည့်ဆည်းနိုင်ခြင်းကြောင့် ပြင်ပငွေကြေး ဈေးကွက် ပေါက်ဈေးအတိုင်းသာ ဆက်လက်ရောင်းဝယ်နေကြ သည်ဟု ငွေလဲလှယ်လုပ်ငန်းရှင်များ က ပြောသည်။

ဗဟိုဘဏ်၏ ယခုတစ်ကြိမ်ထုတ်ပြန်မှုမှာလည်း သွင်းကုန်ဖောင်းပွမှုကြောင့် မြင့်တက် လျက်ရှိသည့် ဒေါ်လာ ဝယ်လိုအားဖောင်းပွမှုကို အဖြေပေးနိုင်မည်မထင်ဟု ပြည်တွင်းလုပ်ငန်းရှင် များက သုံးသပ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly