ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်စေတီတော်တွင် ကျင်းပမည့် မသိုးသင်္ကန်းရက်လုပ်သည့် ပြိုင်ပွဲအတွက် လေ့ကျင့်နေ

ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်တွင် လာမည့်အဖိတ်နေ့နှင့်လပြည့်နေ့၌ ကျင်းပမည့် မသိုးသင်္ကန်းရက် လုပ်သည့်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အဖွဲ့များလေ့ကျင့်နေစဉ်။
အဆိုပါပြိုင်ပွဲကို  ၂၅ရက်နေ့ညနေမှစ၍ ဖွင့်ပွဲအခမ်းအနားနှင့်တကွ ကျင်းပသွားမည်။ ယခုနှစ်မှာ၂၅ ကြိမ်မြောက်ဖြစ်သည်။ ပြိုင်ပွဲဝင်အဖွဲ့၁၂ဖွဲ့ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုအနေဖြင့် ၂သိန်းကျပ်ချီးမြင့်သွားဖြစ်ပြီး အဆင့်လိုက် ကျပ်တစ်သောင်းစီလျှော့ကာချီးမြှင့်သွားမည်ဖြစ်ကြောင်း ရွှေဘုန်းပွင့်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရှိရသည်။ (ဓါတ်ပုံ - ဖြိုးသီရီသူ)