ရှမ်း နှင့် ကချင်မှ စစ်ရှောင်ဒုက္ခသည်များအတွက် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ အလှူခံထွက်

မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများ ဦးဆောင်ကာ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းစစ်ဒဏ်သင့်နေသော ဒုက္ခသည်များကို ကူညီနိုင်ရေးအတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက် ကမန္တလေးမြို့ဈေးချိုအတွင်း လှည့်လည်အလှူခံကြစဉ်။ (ဓာတ်ပုံ- ဘိုဘို၊မဇ္ဈိမ)
လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်၊ မိုင်းရှူး၊ လဲချား၊ ကချင်ပြည်နယ် မိုးညှင်းတဝိုက် စသည့် မြို့နယ်တွေ၌ စစ်ဘေးရှောင်ဒုက္ခသည်များ ပိုမိုများပြားလာနေပြီး စားသောက်ရေး အခက်အခဲ နှင့် ရာသီဥတု အအေးဒဏ်ကြောင့် အဝတ်အထည်မလုံလောက်ခြင်းနှင့် ကြုံတွေ့နေရသည်။ ယင်းကြောင့် အချိန်မီ ထောက်ပံ့ပေးနိုင်ရန် ယခုလို အလှူခံခြင်းဖြစ်ကြောင်း ကိုဉာဏ်လင်းထက် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ၂က မဇ္ဈိမကိုပြောသည်။