Fly to vote အစီအစဉ် စင်္ကာပူမှ မြန်မာများ ပြန်လာမည်

စင်္ကာပူရှိ မြန်မာလူငယ်များ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန်အတွက် FLY TO VOTE အစီအစဉ်ပြုလုပ်ကာ မြန်မာပြည်သို့ ယနေ့ နိုဝင်ဘာ ၆ ရက် စင်္ကာပူစံတော်ချိန် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် မြန်မာလေကြောင်းလိုင်း 8M232 ဖြင့် ၁၈၀ ဦး ရန်ကုန်လေဆိပ်သို့ ပျံသန်းလာပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ သွားရောက်မဲပေးမည်ဖြစ်သည်။ ဓာတ်ပုံများ - FLY TO VOTE အဖွဲ့သားများ ပေးပို့သည်။