နိုဝင်ဘာ ၃ရက်တွင် ရခိုင်ရောက်မည့် သမ္မတအား ကြိုဆိုရန် ပြင်ဆင်

ရခိုင်ပြည်နယ်ကို နိုဝင်ဘာ ၃ရက်တွင် ရောက်ရှိမည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား စစ်တွေရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ကြိုဆိုရန်အတွက် ယနေ့ (နိုဝင်ဘာ ၂ရက်) နေ့လည် ၁၂ နာရီက ကြိုတင်အသိပေးကာ လှည့်လည်စည်းရုံးနေစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ/DMG) 
ရခိုင်ပြည်နယ် USDP အထွေထွေအတွင်းရေးမှူး ဒေါက်တာ စန်းရွှေက "နိုင်ငံတော် သမ္မတလာမှာက သမ္မတတာဝန်လည်းပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဂုဏ်ကို မြှင့်တင်ချင်တာလည်းပါတယ်။ ဒါကြောင့် USDP ရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကြိုဆိုမှာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတက စစ်တွေ-ကျောက်တော်ကနေ မြောက်ဦးကို သွားမှာဖြစ်ပါတယ်။ မြောက်ဦးမှာ မဟာပညာကျော် အိမ်ရာမှာရှိတဲ့ သမိုင်းစေတီတစ်ဆူကို သံထီးတင်ဖို့ သွားမှာဖြစ်ပါတယ်။ " လို့ ပြောကြားပါတယ်။