Ooredoo MNL 2015 ဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်နှင့် ချင်းယူနိုက်တက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား

အောက်တိုဘာလ ၃၀ ရက်က Ooredoo MNL 2015 ဖလား နောက်ဆုံးဖိုင်နယ်ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်နှင့် ချင်းယူနိုက်တက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ချင်းယူနိုက်တက်မှ ရန်ကုန်ယူနိုက်တက်အသင်းအား ၂ ဂိုး ၆ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်မှ ဖလားဆွတ်ခူးရရှိခဲ့သည်။
ဘောလုံးပွဲစဉ် မိနစ် ၉၀ တွင် ရန်ကုန်ယူနိုက်တက် ရှေ့တန်းတိုက်စစ်မှူး ဆီဇာ မှ ၅ ဂိုးသွင်းယူပြီး သန်းပိုင်မှ ၁ ဂိုးသွင်းယူခဲ့ကြပြီး ချင်းယူနိုက်တက်မှ ဆန်းဒေးမက်ဒရုးက ရန်ကုန်ယူနိုက်အသင်းအား နှစ်ဂိုးသွင်းယူခဲ့ကြသည်။
ရန်ကုန်ယူနိုက်တက်အသင်းမှ အော်ရီဒူး မြန်မာနေရှင်နယ်လိဒ် ၂၀၁၅ ဖလား ရရှိခဲ့ခြင်းကြောင့် နိုဝင်ဘာလတွင် ကျင်းပမည့် မဲခေါင်ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
(ဓာတ်ပုံ -ဟောင်ဆာ-(ရာမည)-မဇ္ဈိမ)