ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်၊ သံတွဲမြို့ မဲဆွယ်ပွဲမြင်ကွင်း

ရခိုင်ပြည်နယ်တောင်ပိုင်းသို့ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား သံတွဲမြို့၊ ဒိုးတောင်ရပ်ကွက်ရှိ ကွင်းပြင်အတွင်း ဒေသခံများအား ဟောပြောနေသည်ကို အောက်တိုဘာ ၁၇ရက်၊ နံနက်ပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ) ၁၃နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စည်းရုံးရေးခရီးစဉ်ကို ယမန်နေ့က တောင်ကုတ်မြို့တွင် စတင်လိုက်ခြင်းဖြစ်ပြီး ဒုတိယနေ့အဖြစ် သံတွဲမြို့တွင် ဟောပြောခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သံတွဲမြို့မှတစ်ဆင့် ဂွမြို့သို့ သွားရောက်ကာ အောက်တိုဘာ ၁၈ရက်တွင် ဟောပြောပွဲပြုလုပ်ဦးမည်ဖြစ်သည်။ ရွေးကောက်ပွဲနီးကပ်မှ ရခိုင်ပြည်နယ်သို့ လာရောက်ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် ၁၃နှစ်က အခြားနိုင်ငံရေးပါတီများ မလာရဲသည့် အချိန်ကတည်းက ရခိုင်ပြည်နယ်သို့ လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးပြောဆိုခဲ့သည်။