မဲစာရင်း ကုန်းရုန်းရှာနေကြတဲ့ ပြည်သူတွေ

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ပျဉ်းမငူ အုပ်စု အတွင်းရှိ ရွာတစ်ရွာတွင် မိမိအမည် မဲစာရင်းတွင် ပါမပါ ရှာဖွေနေကြသူများကို စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ အဆိုပါရွာတွင် မဲဆန္ဒပေးခွင့်ရှိသူ (၁၈) နှစ်ပြည့်ပြီးသူ ၄၀၀ ကျော်ရှိသော်လည်း ၁၀၀ ကျော်မှာ မဲပေးခွင့် ပျောက်ဆုံးလျက်ရှိပြီး ၁၀၀ ကျော်မှာ အချက်အလက် မှားယွင်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ (ဓာတ်ပုံ - သက်အောင်)