ပေးတာယူ၊ ကျွေးတာစားပြီး NLDကိုသာ မဲထည့်ပါဟု စည်းရုံး

နေပြည်တော်၊ စက်တင်ဘာ ၁၄။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စားပြုပြီး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်မည့် ဦးရည်မွန်(ခ)မောင်တင်သစ်ကို သူဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာတွင် မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၁၄ရက်၊ ညနေပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
အခြားပါတီများ ပေးသမျှယူ၊ ကျွေးသမျှကိုစားပြီး NLDပါတီကိုသာ မဲထည့်ပါဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ဒေသခံများကို စည်းရုံးပြောဆိုခဲ့သည်။ 
ဦးရည်မွန်(ခ) မောင်တင်သစ်သည် ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သောကြောင့် တက္ကသိုလ် ပြန်လည်တက်ရောက်ခွင့် ရာသက်ပန်ပိတ်ပင်ခံရသည့် ဆေးကျောင်းသားတစ်ဦး ဖြစ်သည်။ သူဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။