"ကလေးများအရေးဆောင်ရွက်သူ တို့များအားလုံးမဲပေးကူ" လှုပ်ရှားမှု မန္တလေးတွင် ကျင်းပ

"ကလေးများအရေးဆောင်ရွက်သူ တို့များအားလုံးမဲပေးကူ" အမည်ဖြင့် ရွေးကောက်ပွဲမတိုင်မီ လှုပ်ရှားမှုကို NCRWG မှ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက မန္တလေးမြို့ နန်းရှေ့ ၁၉လမ်း၊၅၇×၅၈ကြားရှိ Dombosco တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ -ဘိုဘို၊မဇ္ဈိမ) ရွေးကောက်ပွဲအတွက် မယ်ဆွယ်စည်းရုံးကြမည့် ကိုယ်စားလှယ်လောင်းများထဲမှ ကလေးများအရေးရှေးရှုသူများကို စစ်တမ်းကောက်ကာ ကတိကဝတ်ပြုရန်တောင်းဆိုပြီး၊ မဲဆန္ဒရှင်ပြည်သူများကိုလည်း ကလေးများအရေး ရှေးရှုသူများကို မဲပေးထောက်ခံကြရန် တောင်းဆိုမည်ဖြစ်သည်။
မန္တလေးတိုင်းတွင် မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ မတ္တရာ၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်းတို့တွင် လည်းကောင်း ရှမ်းပြည်နယ်တွင် နောင်ချို၊ သိန်းနီ၊ ညောင်ရွှေတို့တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းတွင် ကနီ၊ ကောလင်း တို့တွင် ပြုလုပ်သွားမည်သည်။ ကမ်ပိန်းဧရိယာရွေးချယ်ရာတွင် အဖွဲ့ဝင်အားကောင်းသော ဒေသများကို ဦးစားပေးရွေးချယ်ပြီး ဘက်ဂျက်သုံးစွဲမှုအရလည်း ထည့်သွင်းစဉ်းစားရွေးချယ်ထားသည်ဟု NCRWG အထက်မြန်မာပြည်၏ ပြောခွင့်ရသူ ရန်ကင်းအဖွဲ့မှ ဦးထွန်းထွန်းမှ မဇ္ဈိမကိုပြောသည်။