နေပြည်တော်ကောင်စီတွင် ပြိုင်မည့် အမတ်လောင်းများကို စည်းမျဉ်းများ ကော်မရှင်ခေါ်ပြော ဗိုလ်ချုပ်ကြီးဟောင်းများ မတက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မဲဆန္ဒနယ်ပေါင်း ၁၀နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း ၄၃ဦးအား ရွေးကောက်ပွဲဆိုင်ရာ စုဝေးခွင့်၊ ဟောပြောခွင့်၊ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာဥပဒေများ ကို နေပြည်တော်ကောင်စီရုံးအတွင်း စက်တင်ဘာ ၈ရက် မွန်းလွဲပိုင်းတွင် ခေါ်ယူရှင်းပြစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)၊
အမတ်လောင်း ၄၃ဦးအနက် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးဝေလွင်တို့ ကိုယ်တိုင်တက်ရောက်ခြင်း မရှိပေ။ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးအောင်ထက်ကျော်က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အား ရှင်းပြခဲ့ပြီး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှမြင့်က လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား အမတ်လောင်းများကို ရှင်းပြခဲ့သည်။