လားရှိုးရှိ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်အကြား ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ၂ ရပ်ကွက်ရှိ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်ကြားတွင် ဖေဖော်ဝါရီလ ၂၁ ရက်၊ မွန်းလွဲ ၄ နာရီခွဲခန့်အချိန်က ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကို တွေ့ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - သန့်ဇင်လှိုင် MPA/အီးပီအေ) အဆိုပါပေါက်ကွဲမှုကြောင့် လားရှိုး (၁) ဘဏ်ခွဲမှ ရိုးမဘဏ် ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ငါးဦး၊ အမျိုးသမီး ရှစ်ဦး ပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားပါတယ်။