နို်င်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ပွဲ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေ ရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေကို ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ပါတယ်။
ဒီအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပို့/ဆက် ဒုဝန်ကြီး ဦးကျော်မျိုးနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ တက်ရောက် ချီးမြှင့်ပါတယ်။
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေအနေနဲ့ ရွှေ ၇ခု၊ ငွေ ၁၀ခုနဲ့ ကြေး ၂၀ခု စုစုပေါင်း ဆုတံဆိပ် ၃၇ခု ရရှိခဲ့ပါတယ်။ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)