ဗြိတိန်နိုင်ငံ၊ လန်ဒန်အနောက်ပိုင်းမှာ အထပ်ပေါင်း ၂၇ ထပ်ရှိ Grenfell Tower အထပ်မြင့်တာဝါကြီး ဇွန်လ ၁၄ ရက် အစောပိုင်းကစ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။ တိုက်ခန်းပေါင်း ၁၂၀ ရှိ Grenfell Tower မှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နိုင်ရန်အတွက် မီးသတ်ကား အစီး ၄၀ နှင့် မီးသတ်သမား ၂၀၀ တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်နေရလျက်ရှိကြောင်း လန်ဒန်မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)