Mizzima TV

ကန်တော်ကြီးတွင် သစ်ပင်များ၊ ဓာတ်တိုင်များလဲကျ ကားတစ်စီး၊ အမိုးပျက်စီး

မဟာသင်္ကြန်အတက်နေ့ ဧပြီ ၁၆ရက် နံနက် ၁၀နာရီခန့်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးထိပ်ရှိ လုံးပတ်(၃)ပေခန့်ရှိ မဟော်ဂနီပင်မှာ အမြစ်မှကျွတ်၍လမ်းပေါ်သို့လဲကျခဲ့ရာ ဓါတ်ကြိုး ပေါ်သို့ပိမိပြီး ဓါတ်တိုင် (၅)တိုင် ကျိုးကျခဲ့သည်။ (ဓာတ်ပုံ - သူရ/မဇ္ဈိမ) ဓါတ်တိုင်အောက်တွင် ရပ်ထားသော ဟွန်ဒါဖစ်ခဲရောင် အငှားယာဉ်ပေါ် ဓါတ်တိုင်ကျိုးကျခဲ့ရာ ကားအမိုးထိခိုက်ပျက်စီးခဲ့ရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။