ဘတ်ဂျက်စီစစ်မှုဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် ပူးတွဲဆောင်ရွက်သည့် ဘတ်ဂျက်စီစစ်မှုဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ၆၀ ကျော်တက်ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို မဇ္ဈိမမီဒီယာနှင့် Action Aid တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် Center for Budget and Policy Studies, Bangalore မှ  ကျွမ်းကျင်သူပညာရှင် Mr Srinivas Kumar Alamuru က ဘတ်ဂျက်စိစစ်မှု၊ ဆန်းစစ်မှု၊ သုံးသပ်မှု၊ နှိုင်းယှဉ်မှုများကို ဟောပြောရှင်းပြခဲ့သည်။
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)