ယုန်မင်း အေးခဲကြက်သားထုတ် စက်ရုံ ဇူလိုင်လကုန် တွင်ပြန်လည် ပတ်မည်

ယုန်မင်း အေးခဲကြက်သားထုတ် စက်ရုံကို ဇူလိုင် ၁၄ရက်တွင် ဝင်ရောက်စစ်ဆေးကာ ဓာတ်ခွဲခန်းတွင် စစ်ဆေးမည့် နမူနာယူပြီး ဓာတ်ခွဲခန်း အဖြေမထွက်မချင်း စက်ရုံပိတ်သိမ်းရန် ညွှန်ကြားထားသော်လည်း ယနေ့အချိန်ထိ လာရောက် အကြောင်းကြားခြင်းပင် မရှိသည့်အတွက် စက်ရုံအား ဇူလိုင်လကုန်တွင် ပြန်လည် လည်ပတ်သွားမည်ဟု စက်ရုံ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းမောင်က ပြောသည်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)