တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ အတွက် သတင်းစာ ရှင်းလင်းပွဲ

တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ အတွက် သတင်းစာ ရှင်းလင်းပွဲကို ထိုင်း နိုင်ငံ ဘန်ကောက်မြို့ရှိ Conrad hotel တွင် ဇူလိုင် ၇ ရက်က ကျင်းပခဲ့သည်။ (ဓာတ်ပုံ - တင်ဇာအောင်၊ မဇ္ဈိမ)
ယင်းပြိုင်ပွဲ ကို မဲခေါင်ဒေသတွင်း နိုင်ငံများ ဖြစ်သည့် မြန်မာ။ လာအို။ ဗီယက်နမ်။ ကမ္ဘောဒီးယား ။ ထိုင်းနိုင်ငံများမှ လိဂ်ပြိုင်ပွဲ သို့ ဖလားပြိုင်ပွဲ တစ်ခုချင်းစီမှ အနိုင်ရ ရှိသူများက ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြိုင်ပွဲများမှာ နိုဝင်ဘာ ၁ ရက်တွင် စတင်မည် ဖြစ်ပြီး ၂၉ ရက် အထိ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်က အဆိုပါပြိုင်ပွဲ ကို မြန်မာ နေရှင်နယ်လိဂ် အသင်း တစ်သင်းဖြစ်သည့် ဧရာဝတီယူနိုက်တက် အသင်းက ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ ရရှိခဲ့သည်။