အစ္စရေးနိုင်ငံ လွပ်လပ်ရေးနေ့ ရန်ကုန် နှင့် နေပြည်တော်တွင်ကျင်းပ

မေ ၁၁ ရက်နေ့တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် အကြို အစ္စရေးနိုင်ငံ လွပ်လပ်ရေးနေ့အား မေလ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ကျင်းပသည့်မြင်ကွင်းအား   တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
အဆိုပါပွဲသို့ ဖိတ်ကြားထားသည့် အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် သံရုံးအသိုင်းအဝိုင်းမှာ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစ္စရေးနိုင်ငံ လူငယ်များနှင့် ဖွဲ့စည်းထားသည့် အကအဖွဲ့ မှလည်း အထူးဖျော်ဖြေတင်ဆက်ကပြခဲ့ကြသည်။