သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ပွဲနှင့် ချီးမြင့်ပွဲ

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးတွင် သာသနာတော်ဆိုင်ရာ
ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားအား ၂၀၁၆ခုနှစ်၊ မတ်လ ၂၃ရက်တွင် ကျင်းပပြုလုပ်စဉ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)၊ အဆိုပါ အခမ်းအနားသို့ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ
ဦးဝင်းမြင့်အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဆရာတော်ကြီးများအား
ဘွဲ့တံဆိပ်တော်များ ဆက်ကပ်သလို လူပုဂ္ဂိုလ် အမျိုးသား၊ အမျိုးသမီးများကိုလည်း ဘွဲ့တံဆိပ်များ ချီးမြင့်ခဲ့သည်။