ကျောက်ဆည်မြို ့ ရိုးရာဆင်အကအခမဲ့သင်တန်းဖွင့်လှစ်

ကျောက်ဆည်မြို့၏ အထင်ကရဖြစ်သော ရိုးရာဆင်အကကို ဆပ်ကပ်ဆန်ဆန် စတန့်ကကွက်များနဲ့ ကပြဖျော်ဖြေနိုင်အောင် ဦးစိုးရွှေ (ကိုးမြေဂုဏ်ဆောင် ရွှေဇင်မောင် ဆင်အဖွဲ့တည်ထောင်သူ) နှင့် ဦးချိုကြီး(စင်္ကပူပြန်ဆင်အကပညာရှင်)တို့မှ ဦးစီးကာ ဆင်အကအခြေခံတတ်ထားပြီးသား လူငယ်များကို ထပ်ဆင့်စွမ်းရည်မြှင့် ကကွက်များဖြစ်သောမိုးထိအောင် လှေကားထောင်အက၊ ဆုံလည်အက၊ကုန်းဘောင်အကနှင့် ပီပါစည်ပိုင်းဆင့်အက တို့ကိုသင်ကြား လေ့ကျင့်ပေးခြင်းလည်းဖြစ်ကြောင်း ဦးစိုးရွှေ (ကိုးမြေဂုဏ်ဆောင် ရွှေဇင်မောင် ဆင်အဖွဲ့တည်ထောင်သူ)က မဇ္ဈိမကိုပြောသည်။
( ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ)