Paper Cut အနုပညာရှင် ထွေးအောင်လွင်၏ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲ ပြုလုပ်

Paper Cut အနုပညာရှင်တစ်ဦးဖြစ်သော ထွေးအောင်လွင်၏ နှလုံးသားမှ အနုပညာ ဟု အမည်ပေးထားသော ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲကို ပန်းဆိုးတန်းလမ်းမပေါ်ရှိ လောကနတ် ပန်းချီပြခန်းတွင် ပြုလုပ်လျက်ရှိသည်။
ယင်းပြပွဲတွင် အရောင်၊ အလင်းအမှောင်၊ Tone များအလိုက် စက္ကူအလွှာပေါင်း လေးလွှာမှ ရှစ်လွှာအထိ အထပ်ထပ်ကော်ကပ် ဖန်တီးထားသော Layered Paper Cut Art ၊ စက္ကူချပ်ပေါ်တွင် 3D ကဲ့သို့ ရုပ်လုံးပေါ်လွင်အောင် ဓါးချက်ပေါင်းများစွာဖြင့် ပုံဖော်ထားသော Realism Paper Cut Art အစရှိသည့် Paper Cut Art ကားပေါင်း ၄၀ ကျော်ကို ပြသထားကာ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။
(ဓါတ်ပုံ - ဖြိုးသီဟ၊ မဇ္ဈိမ)