နေရောင်အောက်ကအသက်ရှူသံများ

တစ်နေ့တာ ဝမ်းစားအတွက် လူတိုင်းအလုပ်လုပ်ရသည် မလွဲသွေပင်ဖြစ်သည်။ သို့အလုပ်ပေါ်မူတည်ပြီး ရရှိသည့်ဝင်ငွေများကွာခြားသကဲ့သို့ တချို့မှာ လခစားအနေဖြင့်လုပ်ကိုင်ကြပြီး တချို့မှာ တစ်နေ့လုပ်တစ်နေ့စားဘဝဖြင့် မိသားစုဝမ်းစာကို နေပူမိုးရွာ ရာသီမရွေး အန္တရာယ်ကို အန်တုပြီး လုပ်ကိုင်နေကြသူအများအပြားလည်းရှိပါသည်။ ယခုနှစ် ၂၀၁၆ တွင် မြန်မာနိုင်ငံ၏   ဖောက်ပြန်သောရာသီဥတုကြောင့် အပူလွန်ကဲသောကလလည်းဖြစ်သည်။ အယ်နီညိုရာသီဟုလည်းခေါ်ကြသည်။ အဆိုပါ အပူလွန်ကဲသည့်နေ့ရက်တွေကို အန်တုပြီး ဘဝအတွက် ရုန်းကန်နေရှာတဲ့ အခြေခံလူတန်းစားဘဝအကြောင်းကို မဇ္ဈိမ ဓာတ်ပုံဆရာများမှ ရန်ကုန်၊ မန္တလေး၊ ပုသိမ် ရှိ နေရာတချို့ရှိ လုပ်ငန်းခွင်များကို ရိုက်ကူးထားသည့်ဓာတ်ပုံများအားတွေ့ရစဉ်။
(ဓာတ်ပုံ - သက်ကို၊ ဘိုဘို ၊ စည်သူမောင်)