အပစ်မရပ်သေးသည့် UNFC နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်နိုင်ရေး ဆွေးနွေးပြီ

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း(NCA) လက်မှတ်မထိုးသေးသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလဲပိုင်း ၃ နာရီကျော်တွင် စတင် တွေ့ဆုံဆွေးနွေးနေသည်။
 
NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ဆက်လက် ဆွေးနွေးနိုင်ရေး အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
 
UPWC မှ ဦးအောင်မင်းနှင့်အတူ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)မှ ဦးလှမောင်ရွှေ၊ ဦတင်မောင်သန်း၊ ဦးအောင်နိုင်ဦး ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်တို့ ၇ ဦးနှင့်UNFC မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး ခူဦးရယ်၊ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးချုပ် စိုင်းထူး၊ ဦးထွန်းဇော်တို့ အပါအဝင် ၆ ဦး ပါဝင်ဆွေးနွေးနေသည်။
(သတင်း၊ ဓာတ်ပုံ - ဖနိဒါ)