အပူပိုင်းဒေသရေနံမှော် မြင်ကွင်း

အနယ်နယ်အရပ်ရပ်ကငွေရှာသူအများအပြားမကွေးဒေသ၊ မင်းလှမြို့ ရေနံမှော်တွေမှာလုပ်ကိုင်နေကြပါတယ်။
အိချယ်ရီအောင်/Myanmar Now ။            ။ မင်းလှ၊ မကွေးတိုင်းဒေသကြီး (Myanmar Now)  -မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရေနံမ၊ ဓာတ်ကုန်းအစရှိတဲ့ ရေနံမှော်တွေမှာ မကြာသေးမီ ကတွေ့ခဲ့ရတဲ့ မြင်ကွင်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။
မူးယစ်ဆေးအလွယ်တကူရ၊  ရာဇဝတ်မှု ပေါများတာတွေကတော့ ရေနံမြေရဲ့ အမှတ်အသားတွေထဲကတစ်ခုပါပဲ။  ရေနံတူးတာကိုတရားဝင်ရော၊ တရားမဝင်ပါ လုပ်ကိုင်နေကြတဲ့ဒီဒေသမှာငွေရှာ ရလွယ်ကူတယ် ဆိုတဲ့အယူအဆရှိကြပါတယ်။ အရင်းအနှီးပုံအောပြီးလုပ်ကိုင်ပေမယ့်တူးတဲ့တွင်းမှာရေနံကြောမရှိရင်တော့အရှုံးကြီးမားလှပါတယ်။
 
(ဓာတ်ပုံများ - အိချယ်ရီအောင်/Myanmar Now)