မီးလောင်ခဲ့သည့် မင်းကန်ရွာ အထက်တန်းကျောင်းတွင် မူလအချိန်ဇယားအတိုင်းစာမေးပွဲစစ်

(၄) တန်းနှင့် (၈) တန်းစာမေးပွဲများဖြေဆိုဆဲကာလအတွင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က စာသင်ကျောင်း မီးလောင်ကျွမ်းခဲ့သော မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မင်းကန်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ကျန်ရှိသောကျောင်းဆောင်များကိုအသုံးပြုကာ မူလအချိန်ဇယားများအတိုင်း (၄)တန်း နှင့် (၈)တန်းစာမေးပွဲများကို အခက်အခဲမရှိ ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်ကိုတွေ့ရစဉ်။
မင်းကန်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် (၄) တန်းတွင် ၁၇၀ ဦးခန့်နှင့် (၈)တန်းတွင် ၈၄ ဦး စာမေးပွဲဖြေဆိုလျက်ရှိသည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)