မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာ အထက်တန်းကျောင်း မီးလောင်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က မီးငြိမ်းသတ်နေသည်ကိုတွေ့ရစဉ်။
အဆိုပါမီးလောင်ခြင်းသည် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က စတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီခွဲတွင် ပင်မကျောင်းဆောင်တစ်ခုလုံးကို လောင်ကျွမ်းသွားသည်ဟု မျက်မြင်တွေ့သူ အဆိုပါကျေးရွာမှကို မြဝင်းကဆိုသည်။ မီးလောင်မှုမှာ ၈တန်းနှင့် ၄ တန်း စာမေးပွဲ ဖြေဆိုနေစဉ် ဖြစ်ပွားခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးက မဇ္ဈိမ ကိုပြောသည်။ မင်းဂံ အထက်တန်းကျောင်းတွင် စာဖြေနေသူ လေးတန်း ၁၇၀ ၊၈ တန်း ၈၄ ဦး ရှိသည်။
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)