လဝက ဥပဒေဖြင့် စွဲခံထားရသည့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ သုံးဦး ရုံးထုတ်

လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုခံထားရသော ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ် နှင့်ကိုဇော်ဝင်းဘို တို့အား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်လာသည်ကိုတွေ့ရစဉ်။
၎င်းတို့သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့သွားရောက်လည်ပတ်သည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ကို ၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာသို့ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်ချီတက်ရာတွင် မတရားသင်းပင်းမှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)