စစ်ရှောင်ပြေးလာသော ထော်လာဂျီတိမ်းမှောက်၍ ၄ ဦးသေဆုံး

စစ်ဘေးရှောင် သူများစီးလာသည့် ထော်လာဂျီတစ်စီး ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နှင့် (၂၂) မိုင်၊ (၆) ဖာလုံ အကွာ ပန်ကွမ်ကျေးရွာ အလွန် လက်ဖက်ခြံ တောင်စောင်းထဲသို့ တိမ်းမှောက်ခဲ့ပြီး ၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ ခဲ့သည်။
ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု ပါခါးရွာ၊ စာပို့ရွာနှင့် တောင်ပို့လို့ရွာမှတို့မှ စစ်ဘေးရှောင်လာသူများဖြစ်ပြီး သေဆုံးသူများမှာ ဦးဇင်းထွန်း၊ ဦးအိုက်မောင်၊ နန်မွေလျှန်း၊ ဒေါ်ဆိုင်ဆာတို့ဖြစ်ကြသည်။
ယင်းယာဉ်တိမ်းမှောက်မှုကို 'လူ'ဇီဝိတလူမှုကူညီရေးအသင်းနှင့် ဒေသခံများ ည ၈ နာရီ အချိန်တွင်သွားရောက် ကူညီပြီး ဒဏ်ရာရသူများ ဆေးရုံသို့ပို့ ဆောင်ပေးခဲ့သည်။