(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား နေပြည်တော်ရှိ မြို့တော်ခန်းမအရှေ့တွင် ဖေဖော်ဝါရီ ၁၂ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တပ်မတော်က စစ်ရေးပြချီတက်ခဲ့ပြီး ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းတက်ရောက်ကာ သမ္မတဦးသိန်းစိန်ပေးပို့ သည့်သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများလည်း တက်ရောက်လာကြသည်ကို တွေ့ရသည်။
(ဓာတ်ပုံ - မင်းမင်း/ မဇ္ဈိမ)