နိုဝင်ဘာ ၈ ဒိုင်ယာရီ စာအုပ်မိတ်ဆက်ပွဲနှင့် ဓါတ်ပုံပြပွဲ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁။
ပြည်သူလူထုက ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးများကို ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ၎င်းတို့၏ ကိုယ်ပိုင်နှလုံးရည်ကို အသုံးပြုပြီး အာဏာရှင်များလက်မှ ပြန်လည်ရယူလိုက်ခြင်းကို မှတ်တမ်းတင် ဂုဏ်ပြုသောအားဖြင့် Pen Myanmar မှ ထုတ်ဝေသော နိုဝင်ဘာ ၈ ဒိုင်ယာရီ စာအုပ်မိတ်ဆက်ပွဲနှင့် ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့၊ တော်ဝင်စင်တာ၊ ဒုတိယထပ်ရှိ ပရိုမိုးရှင်းဧရိယာတွင် ယနေ့နေ့လည် ၁း၀၀ နာရီက ပြုလုပ်ခဲ့သည်။ (ဓါတ်ပုံ - ဖြိုးသီဟ မဇ္ဈိမ)