ရွှေပွားစက္ကူခေါ်(၀ါးစက္ကူ) လုပ်ငန်း

စစ်ကိုင်းတိုင်းဒေသကြီး ဒေါင်းမကျေးရွာ တစ်ခုတည်းတွင်သာလုပ်ကိုင်ကြပြီး ရွှေဆိုင်းခပ်ရာတွင် မရှိမဖြစ်အသုံးပြုရသည့် မြန်မာ့ယဉ်ကျေးမှုရိုးရာ လုပ်ငန်းတစ်ခုဖြစ်သော ရွှေပွားစက္ကူခေါ်(ဝါးစက္ကူ) လုပ်ငန်းအကြောင်းကိုဖော်ပြပေး လိုက်ပါသည်။
ယခင်က ဒေါင်းမကျေးရွာအတွင်း ရွာလုံးကျွတ်နီးပါး လုပ်ကိုင်ကြသော်လည်း ကျောက်စိမ်းပုတီးလုပ်ငန်းများ ရောက်ရှိလာပြီးနောက်ပိုင်းမှာ ရွှေပွားစက္ကူခေါ် (ဝါးစက္ကူ) လုပ်ငန်း၊ လုပ်ကိုင်သူနည်းပါးလာပြီး လုပ်ငန်းကြီးလုပ်ကိုင်သူ ၃ ဦးခန့်သာရှိတော့သည်။
စစ်ကိုင်းမြို့ဒေါင်းမအရပ်တွင်သာ ပြုလုပ်ပြီး မန္တလေးမြို့ မြတ်ပါးအရပ်ရှိရွှေဆိုင်းခပ်သည့်လုပ်ငန်းများသို့သာ အဓိကတင်ပို့ရောင်းချပြီး ရွှေဈေးအတက် အကျနှင့် ဝါးဈေးအတက်အကျပေါ်မှုတည်ကာ ဈေးနှုန်း အပြောင်းအလည်းရှိကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူမှ မဇ္ဈိမ ကိုပြောသည်။
ရွှေဆိုင်းခပ်လုပ်ငန်းနှင့် ရွှေပွားစက္ကူလုပ်ငန်းများမှာ နှစ်စဉ်ပြည်ပခရီးသွားအများစု စိတ်ဝင်တစ်စားလေ့လာကြသည့် လုပ်ငန်းများဖြစ်ပြီး နိုင်ငံခြားဝန်ငွေ ရရှိစေသည့် မြန်မာ့ယဉ်ကျေးမှုရိုးရာ လုပ်ငန်းများဖြစ်သည့်အတွက် အစိုးရပိုင်းမှလည်း ထိမ်းသိမ်းစောင့်လျှောက်မြင့်တင်ပေးရန် လိုအပ်ကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)