ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး ပထမနေ့မြင်ကွင်းများ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး ပထမနေ့ကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၃ရက်၊ နံနက် ၁၀နာရီအချိန်ကစပြီး ကျင်းပလျက်ရှိသည်။ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့လည်း လေ့လာသူအဖြစ် တက်ရောက်လာကြသည်ကို တွေ့ရသည်။ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌများကို ရွေးချယ်မည်ဖြစ်ပြီး ဥက္ကဌအဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ်ဦးအေးသာအောင်တို့ကို တင်မြှောက်ကြမည် ဖြစ်သည်။
(ဓာတ်ပုံ - သက်ကို/ သတင်း၊ မင်းမင်းမဇ္ဈိမ)