နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်

.

စက်တင်ဘာ ၁၂ ။         ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပါဝင်တက်ရောက်လျက်ရှိပါတယ်။

အဆိုပါ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပစဉ်မှာတော့ ဖိုရမ်ကို တက်ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် အခြားသော ဒေသတွင်း ခေါင်းဆောင်တွေကို ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖုက ကြိုဆိုခဲ့ပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် အဆိုပါ ဖိုရမ်မှာတော့ ဒေသတွင်း အစိုးရခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပါဝင်တက်ရောက်နေကြလျက်ရှိပါတယ်။

လက်ရှိ  ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဘက်က တရုတ်ကုန်စည်ပစ္စည်းတွေအပေါ် အခွန်တွေ တိုးမြှင့်ကောက်ခံချထားနေမှုကနေ ဖြစ်လာမယ့် ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ပတ်သက်လို့ ယခု ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အဓိက ဆွေးနွေးသွားကြဖို့ ရှိပါတယ်။