AMATA Holding Public Company Limited ရဲ့ ကမ်းလှမ်း အစုရှယ်ယာရောင်းချခြင်း မိတ်ဆက်ပွဲ

.

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အဓိကလုပ်ကိုင်လျက်ရှိတဲ့ AMATA Holding Public Company Limited ရဲ့ ကမ်းလှမ်း အစုရှယ်ယာရောင်းချခြင်း မိတ်ဆက်ပွဲ ကျင်းပမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွေ အဓိကလုပ်ကိုင်လျက်ရှိတဲ့ အမတ ဟိုးလ်ဒင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ရဲ့ ကမ်းလှမ်းအစုရှယ်ယာရောင်းချခြင်း မိတ်ဆက်ပွဲကို သြဂုတ်လ၊ ၂၆ ရက် (တနင်္ဂနွေနေ့) မနက် ၉ နာရီက နေနေ့လယ် ၁၂ နာရီအထိ Sedona ဟိုတယ်မှာကျင်းပသွားမယ်လို့ သိရပါတယ်။

AMATA Holding Public Company Limited ဟာဆိုရင် ၂၀၁၃ ခုနှစ်ကတည်းကစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်အမှတ် - ၁၅၆၃/ ၂၀၁၇-၂၀၁၈ (ရက)ဖြင့်အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ်ဖွဲ့စည်းတည်ထောင်ခွင့် ရရှိထားတဲ့ကုမ္ပဏီပါ။

အဆိုပါကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံအတွင်းဟိုတယ်တွေ၊ မီးပုံးပျံပျံသန်းခြင်းလုပ်ငန်း၊ အခြားခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျှက်ရှိတဲ့ လုပ်ငန်းခွဲတွေကို (၂၀၁၃) ခုနှစ်မှစတင်ကာ လုပ်ကိုင်လျက်ရှိပြီး အခြားမြို့ကြီးတွေမှာလည်း တန်းဘိုးနည်းဟိုတယ်တွေ (Budget Hotel) ထပ်မံတည်ဆောက် ရင်းနှီးမြှပ်နှံသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အမတဟိုးလ်ဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် အများပြည်သူများသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခွင့်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်ရက်စွဲပါစာအမှတ်- ကော်မရှင်/ဈေးကွက်ကြီးကြပ်/၁၁၄၇/၂၀၁၈ ဖြင့်ရောင်ချခွင့် ရရှိထားပြီးသားလည်း ဖြစ်ပါတယ်။

အမတဟိုးလ်ဒင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ရဲ့ ကမ်းလှမ်းအစုရှယ်ယာရောင်းချခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်မှာပါ။

ဒါပေမဲ့ လူဦးရေကန့်သတ်ထားတာကြောင့် ကြိုတင်စာရင်းသွင်းဖို့တော့ လိုအပ်မှာဖြစ်ပြီး ဖုန်းနံပါတ် -
09787877704-5ကိုဖြစ်စေ၊ Email - [email protected]ကို ဖြစ်စေ၊ AYAtrust Facebook Page ရဲ့ Chat Box ကိုဖြစ်စေဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် CB Securities #03-04, Union Financial Center, မဟာဗန္ဓုလလမ်း နှင့် သိမ်ဖြူလမ်းဒေါင့်၊ ရန်ကုန်မြို့၊
Tel: ‎+95 (1) 8610331-334
KBZSC - 01 230 7300 ~ 02 (သို့မဟုတ် )KBZSC Facebook chat box (သို့မဟုတ်) [email protected]
KTzRH- 01-8610480 / 01- 8610417
UAB Securities - 09 5416253 နှင့် 09 79582003
AYAtrust SC - Mobile - 09787877704-5 ၊ Email - [email protected] တို့ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာပဲ ဖြစ်ပါတယ်။