မုန်တိုင်းကြောင့် မန်းရွှေစက်တော်ဘုရားဖူးများ ပြန်လည်ထွက်ခွာရန် ကြေငြာပြီ

မုန်တိုင်းကြောင့် မန်းရွှေစက်တော်ဘုရားဖူးများ ပြန်လည်ထွက်ခွာရန် ကြေငြာပြီ

ဆိုင်ကလုန်းမုန်တိုင်း (Maarutha) ကြောင့် မကွေးတိုင်း၊ မန်းရွှေစက်တော်ဘုရားကို လာရောက်သည့် ဘုရားဖူးများအား အန္တရာယ် ကင်းရှင်းရေးအတွက် ဘုရားဖူးဧည့်သည်များ မန်းချောင်းအတွင်းမှ ပြန်လည်ထွက်ခွာပေးကြပါရန်နှင့် ရွှေစက်တော် ဘုရားပွဲတော်အတွင်းရှိ စျေးဆိုင်များ၊ တည်းကျောင်းများ၊ ရွေ့ပြောင်းပေးကြပါရန် ဧပြီ၁၆ ရက်က မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြေငြာချက်ထုတ်ပြန်လိုက်သည်။

စီမံခန့်ခွဲမှုကော်မတီ၏ကြေငြာချက်အပြည့်အစုံ

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တင်ပြချက်အပေါ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မုန်တိုင်းငယ်သတိပေးချက်တွင် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မန်းချောင်းအတွင်းသို့ စီးဝင်မည့် တောင်ကျချောင်းရေများကြောင့် ရုတ်တရက် လျှပ်တပြက် ရေကြီးမှုဖြစ်ပေါ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ မန်းရွှေစက်တော် ဘုရားဖူးဧည့်သည်များအနေဖြင့် မန်းချောင်းအတွင်းမှ ပြန်လည်ထွက်ခွာပေးကြပါရန် နှင့် ရွှေစက်တော် ဘုရားပွဲတော်ဝင်းအတွင်းရှိ စျေးဆိုင်များ၊ တည်းကျောင်းများအနေဖြင့် ရွှေ့ပြောင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားကြပါရန် အသိပေးကြေငြာအပ်ပါသည်။

မင်းဘူးခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags