တရုတ်နိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံးတံတား တည်ဆောက်မှု ပြီးစီး

တရုတ်နိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံးတံတား တည်ဆောက်မှု ပြီးစီး

တရုတ်နိုင်ငံ တောင်ပိုင်းက နက်ရှိုင်းတဲ့ တောင်ကြားရှိ နီဇူမြစ်အထက် အမြင့် (၅၆၅) မီတာမှာ ကမ္ဘာ့အမြင့်ဆုံး တံတားကို ဆောက်လုပ်ပြီးစီးကြောင်း CCTV ရုပ်သံက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။

Beipanjiang လို့နာမည်ရတဲ့ တံတားဟာ ယူနန်ပြည်နယ်နှင့် ဂူဇောင်ပြည်နယ်ကြားမှာ တည်ရှိပါတယ်။ အဆိုပါတံတားကို ယခုနှစ်အကုန်တွင် အဆင်သင့် အသုံးပြုနိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အင်ဂျင်နီယာနှင့် နည်းပညာရှင် (၁၀၀၀) ခန့်က Beipanjiang တံတားကို သုံးနှစ်ကြာ တည်ဆောက်ခဲ့ကြောင်း CCTV ရုပ်သံအရ သိရပါတယ်။

သြဂုတ် ၂၀ ရက်က ဖွင့်လှစ်ခဲ့တဲ့ ဆူဒူး ဖန်တံတား (ဓာတ်ပုံ - အီးပီအေ)

Beipanjiang တံတားကို ဖွင့်လှစ်လိုက်ပါက ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ ဆူဒူးတံတားကို ကျော်ဖြတ်ပြီး ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် တရားဝင်ဖြစ်လာမှာပါ။

ဟူနန်ပြည်နယ်က ကမ္ဘာ့ အရှည်ဆုံးနှင့် အမြင့်ဆုံးဖန်တံတားကို ၂၀၁၆ သြဂုတ် ၂၀ ရက်က ဖွင့်လှစ်ပြီး လအနည်းအကြာမှာ Beipanjiang တံတား ပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီကြမ်းပြင် ဖန်တံတား (အရှည် ၄၃၀ မီတာနှင့် အမြင့် ၃၀၀ မီတာ) ဟာ  လာရောက် လည်ပတ်သူ အလွန်များပြားတာကြောင့် နှစ်ပတ်အတွင်း ပိတ်လိုက်ရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly