အင်းစိန်ထောင်ရှေ့ဆန္ဒပြသည့် အမျိုးသားရေးလှုပ်ရှားသူ တစ်ဦး ဖမ်းဆီးခံရ  

ဇန်နဝါရီလ ၁၆ 

ဆရာတော်ဦးဝီရသူ နှင့် အခြားနစ်နာသော အကျဉ်းသားများကို ရုံးထုတ်စစ်ဆေးပေးရေးအတွက် သံဃာတော်များ နှင့်အမျိုးသားရေးလှုပ်ရှားသူများ က ဇန်နဝါရီလ ၁၆ ရက်နေ့ န့နက်ပိုင်းတွင် အင်းစိန်ထောင်အရှေ့  ၌ ဆန္ဒထုတ်ဖော်ရန် ပြုလုပ်စဉ် ရဲတပ်ဖွဲ့ နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် သံဃာတော်များအား ဝန်းရံသည့် အမျိုးသားရေးလှုပ်ရှားသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆန္ဒပြမည်ဆိုသည့် သတင်းအရအင်းစိန်အကျဉ်းအရှေ့၌ လုံခြုံရေးယူနေစဥ်တွင် ဆန္ဒ ထုတ်ဖော်ကြမည့် သံဃာတော်များ နှင့် အမျိုးသားရေးသမားများ ရောက်ရှိလာသည့်အတွက် အင်းစိန်ထောင်ဗူးဝရှေ့တွင် မပြုလုပ်ရန် ရဲတပ်ဖွဲ့ကသွားရောက်ညှို နှိုင်းခဲ့ရာမှအဆင်မပြေဘဲနှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့​သည်။ 

ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့က အမျိုးသားရေးလှုပ်ရှားသူ တစ်ဦးကို အင်အားသုံးဖမ်းဆီး ခေါ်ဆောင်သွားခဲ့​ ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူအား အင်းစိန်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နေကြောင်းသိရသည်။  

အဆိုပါ ဆန္ဒထုတ် ဖော်ရာသို့သံဃာတော် ၂၀ ဦးခန့် နှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားအင်အား၅၀ခန့်လာရောက်ဝန်းရံခဲ့ကြ ပြီးဆန္ဒပြပွဲကိုခွင့်ပြုမိ န့်တင်ထားကြောင်းသိရသည်။  

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်ကလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှုမရှိလို့  ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ဇန်န အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြသည်။  

သတင်း - ထွန်းထွန်းဝင်း 

ဓာတ်ပုံ - သူရ / မဇ္ဈိမ