ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၇၈ ရက်မြောက် ချီတက်ဆန္ဒပြ

ဒီဇင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် "သွေးမအေးတဲ့ ရွှေနွယ်သွေး" စာသားပါဘန်နာနှင့် "လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်" စာသားပါ ဘန်နာတို့ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၅၇၈ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

စာတည်း -သန့်ဇော်(သန်လျင်)