အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် KNWO ကျင်းပ

နိုဝင်ဘာလ ၂၅ ရက်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှုကို ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကရင်နီ အမျိုးသမီးအစည်းအရုံး (KNOW) မှ ဦးဆောင်၍ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ၁၆ ရက်တာလှုပ်ရှားမှုကို ဒုက္ခသည် စခန်းရှိလူထုအခြေပြု အဖွဲ့အစည်းများသည် လူထုနှင့်အတူ အမျိုးသမီးအပေါ် အကြမ်းဖက်မူပပျောက်ရေး ဆိုင်ရာသတင်း စကားများအား ကြွေးကြော်ခဲ့ကြပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် စုပေါင်း၍ ဆန္ဒထုတ်ဖော်မူ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပြီး နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိသည် ၁၆ ရက်တာ လှုပ်ရှားမှုကာလ ဖြစ်သည်။

ဓာတ်ပုံ - KNWO

စာတည်း။ ။မောင်ကောင်း