“တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

နိုဝင်ဘာလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၆၂၄ ရက်မြောက်အဖြစ် နိုဝင်ဘာလ ၂၅ရက် ယနေ့တွင် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)