ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၆၁ ရက်မြောက် ချီတက်ဆန္ဒပြ

နိုဝင်ဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြသည်။

သပိတ်စစ်ကြောင်းသည် "ဖက်ဆစ်ယန္တရားကိုဖြိုဖျက် ပြည်သူ့ယန္တရား တည်ဆောက်" စာသားပါဘန်နာကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၅၆၁ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)