ရန်ကုန်တွင် အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြ

နိုဝင်ဘာလ ၁၃ ရက်

ရန်ကုန်တွင် အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြခဲ့ ကြောင်း YRF က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ မြို့နယ်အချို့တွင် YRF အဖွဲ့က လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အများပြည်သူအနေဖြင့် ၎င်းတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ရက်ရက်စက်စက် အနိုင်ကျင့်အုပ်ချုပ်ရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်တပ်အား အသွေးအသားထဲကပင် မုန်းတီးရွံရှာသောစိတ်များရှိနေကြသော်လည်း လုံခြုံရေးအခြေအနေများကြောင့် ထုတ်ဖော် ပြောဆို ပြသနိုင်ရန် အခက်အခဲရှိနေ ကြောင်း၊ ထိုသို့ ခံစားချက်များအပါအဝင် တော်လှန်ပြည်သူအချင်းချင်း အားပေးသည့် စာတန်းများအား ထမီ၊ ပုဆိုးများပေါ်တွင် ရေးဆွဲကာ သရုပ်ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု YRF ကဆိုသည်။

" ကျွန်ုပ်တို့သည် ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်တော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလဲ ထပ်မံ သတင်းပါးလိုက်သည်" ဟု YRF ကဆိုသည်။

ဓာတ်ပုံ - Yangon Revolution Force (YRF)