ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၅၁ ရက်မြောက် ချီတက်ဆန္ဒပြ

နိုဝင်ဘာလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြသည်။

သပိတ်စစ်ကြောင်းသည် "Stop holding useless Asean 5points consensus" စာသားပါ ဘန်နာနှင့် "အလုပ်မဖြစ်တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ရပ်တန့်ပါ။" ဆိုသည့် မြန်မာစာဖြင့်ရေးသားထားသော ဘန်နာတို့ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၅၅၁ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)