“တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်တပ်ကို ထွက်ပေါက်မပေးကြေး” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

နိုဝင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၀၃ ရက်မြောက် အဖြစ် နိုဝင်ဘာလ ၄ရက် ယနေ့တွင် ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည်  “တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်တပ်ကို ထွက်ပေါက်မပေးကြေး” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့ရသော အာဇာနည် ရဲဘော် အပေါင်းအား အလေးပြုခဲ့ကြသည်။ 

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်)