“ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

အောက်တိုဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” စာတန်းကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြကာ ကျဆုံးသွားခဲ့သည့် အာဇာနည်အပေါင်းအား ဦးညွှတ်အလေးပြုခဲ့ကြသည်။

အောက်တိုဘာ ၂၆ရက် ယနေ့တွင်ပြုလုပ်ခဲ့သော ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ် စစ်ကြောင်း၏ ၅၉၄ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။