ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၁၁ ရက်မြောက် ချီတက်ဆန္ဒပြ

အောက်တိုဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် နယ်မြေမတည်ငြိမ်မှု ကြားမှ ယနေ့ အောက်တိုဘာလ ၂ရက် နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် "သွေးမအေးတဲ့ရွှေနွယ်သွေး" စာသားပါဘန်နာနှင့် "Accept NUG and Our Ambassador, Reject Dictator" စာသားပါ ဘန်နာတို့ကိုကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်ကြီးအဖြစ် ပြန်လည်ခန့်အပ်ရန်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၁၁ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း